ပြင်ဦးလွင်မြို့တွင် ကိုဗစ် -၁၉  ကာကွယ်ဆေး ( Covishield ) နှစ်ကြိမ် ထိုးနှံပြီးသူများကို ထပ်ဆောင်း Booster   Dose  စတင်ထိုးနှံပေး 

ပြင်ဉီးလွင် ဖေဖော်ဝါရီ ၁၃       

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉  ကာကွယ်ဆေး ( Covishield ) နှစ်ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်း Booster   Dose  စတင်ထိုးနှံပေးခြင်းကို  ယနေ့ နံနက် ( ၉:၃၀) နာရီမှ စတင်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီကာကွယ် ဆေးများ  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည် ။     

ပြင်ဦးလွင်မြို့ရှိ ကိုဗစ်-၁၉  ကာကွယ်ဆေး ( Covishield ) နှစ်ကြိမ် ထိုးနှံပြီးသူများဖြစ်ပြီး ထပ်ဆောင်း Booster   Dose  မထိုးနှံရသေးသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးထိုး စုရပ်များအဖြစ်သတ်မှတ်ပြီး  အပူချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း  စသည့်  ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ  ကာကွယ်ဆေး ( ၁ ) လုံးလျှင်   လူဦးရေ ( ၅ ) ဦးနှုန်းဖြင့် ဆက်လက်ထိုးနှံပေးလျက် ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရှိရသည် ။  

ခရိုင် ( ပြန်/ဆက် )