မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၁) အခြေခံမူလတန်းကြိုကျောင်းမှ ကြီးမှူး၍ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် ၁ မူလတန်းကြိုကျောင်း စမ်းသီတာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူလေးများက သီချင်း/ကဗျာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာကလေးများနေ့ အထိမ်းအမှတ် အကြို ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ဥာဏစွမ်းရည်၊ ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့် အကြီးတန်းအဆင့် အငယ်တန်းအဆင့် ကျောင်းသား/ သူလေးများအား ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ မြန်မာကလေးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင် သီချင်း၊ ကဗျာပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပန်းချီ ပြိုင်ပွဲ၊ အပြေး ပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ သစ်သားတုံးဆင့်ပြိုင်ပွဲ နှင့် ဘောလုံးကောက်ပြိုင်ပွဲများတွင် ကျောင်းသား/ သူ (၂၀၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနားသို့ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်း၊ မြစ်ကြီးနားမြို့ အမှတ် ၁ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သီနှင့် မိဘဆရာအသင်း အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်သား / သူများ အင်အား ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်ဆက်)