တန့်ယန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် ထမနဲထိုးပွဲ ကျင်းပ

တန့်ယန်း ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ကြီးမှူး၍ အမျိုးသား(အလွတ်တန်း) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဌာနဆိုင်ရာများ ရပ်ကွက်များစုပေါင်း၍ ထမနဲထိုးပွဲ အား ယမန်နေ့ ညနေပိုင်းက ကျင်းပကြသည်။

အမျိုးသား(အလွတ်တန်း)၊ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို အမှတ်(၁)ရပ်ကွက်ရှိ ဘတ်စကက်ဘော အားကစားကွင်း၌ ကျင်းပရာ ကာယကလပ်အသင်းနှင့် လီဆူလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာယကလပ်အသင်းက အနိုင်ရရှိရာ ပထမရရှိသော ကာယ ကလပ်အသင်းအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောင်သူဝင်းက လည်းကောင်း၊ ဒုတိယရရှိသော လီဆူလူငယ် အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လည်းကောင်း ဆုများပေးအပ် ခဲ့ကြသည်။

ယင်းအပြင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်များစုပေါင်း၍ ထမနဲထိုးပွဲအား ညနေပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ပျော်ရွှင်စွာကျင်းပရာ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောင်သူဝင်းနှင့် အရာရှိကြီးများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ထမနဲထိုးအဖွဲ့များ၊ အမှတ်(၆)ရပ်ကွက်မှ ရှမ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်းအဖွဲ့၊ တိုးနရားအဖွဲ့ တို့က တပျော်တပါး ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

မင်းလွင်ဦး