စစ်တွေ ဖေဖော်ဝါရီ ၁၃
၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စစ်တွေမြို့ဝေသာလီ အားကစား ကွင်း၌ ယမန်နေ့နံနက်ပိုင်းကကျင်းပသည်။
ရှေးဦးစွာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စစ်ကြောင်းမှ စစ်ကြောင်းချီတက်ပြီး စစ်ရေးပြမှူးက ဦးဆောင်ကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား အလေးပြုကြသည်။ ထို့နောက်ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုး ရအဖွဲ့အတွင်းရေးမှူး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား မျိုးနွယ်စုဝင်၊ ဖိတ်ကြားထားသူများက နိုင်ငံတော် အလံနှင့်ကျဆုံး လေပြီးသော တပ်မတော်သားများအားအလေးပြုကြသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ခေတ္တ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကဖတ်ကြားသည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းမှတ်သီချင်းများဖြင့် ရခိုင်တိုင်း ရင်းသားနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ချင်းတိုင်းရင်းသားမျိုးနွယ်စုများနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက သီဆိုကပြဖျော်ဖြေကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော် ဖြေကြသော တိုင်းရင်းသားများအား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)