နမ့်စန်(တ) ဩဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာကောင်းပေကောင်းရဲ့အရသာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လည် ၁၁ နာရီ က Book Club အသင်းဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင် က စာဖတ်ဝိုင်းများ လစဉ်ပုံမှန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများကို အခန်းအလိုက် တစ်ဦးချင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန်းစိန်၊ စာပေဝါသနာရှင်များအသင်း (Book Club) အတွင်းရေးမှူး ဦးသူရကျော်နှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာများနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)