ဘူးသီးတောင် ဖေဖေါ်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား(၅)ဦး လွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီ ၁၀မိနစ်အချိန်က ဘူးသီးတောင်မြို့အကျဉ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မြင့်သူမှ ဆုံးမသြဝါဒစကား မှာကြားသည်။
ထို့နောက် ဘူးသီးတောင်အကျဉ်းထောင်မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်မှူး ဦးမောင်မောင်ဌေးမှ အမှာစကားပြောကြားကာ လွတ်ငြိမ်းသက်သာခွင့် ရရှိသူများ(ကိုယ်စား) တစ်ဦးမှကျေးဇူးတင်စကား ပြောကြားပြီး တစ်ဦးချင်းအလိုက် ထောင်ထွက်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ရာ လွတ်ငြိမ်းသက်သာခွင့် ရရှိသူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)