ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဂျေအားနာက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြောကြားကာ ပုံပြင်ပြောပြိုင်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာများ တိုးပွားစေရန်၊ အကောင်းအဆိုး ခွဲခြားတတ်လာစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုခြင်းဖြင့် အသိအလိမ္မာရရှိစေရန် ရည်ရွယ်ပြီး စာအုပ်စာစောင်များ ခင်းကျင်းပြသပေးပြီး ကျောင်းသား၊ ကျောင်းသူများက သုတ/ရသ စာအုပ်များ ဖတ်ရှုခြင်း၊ ဂျာနယ်စာစောင်များ ဖတ်ရှုခြင်းဖြင့် အချင်းချင်း အသိပညာ လဲလှယ်တိုင်ပင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ