မိုးမိတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား စည်းကာသိုက်မြိုက်စွာ ကျင်းပ

 

မိုးမိတ်  ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ အချိန်က မြို့နယ်ပြည်သူ့ ဘောလုံးကွင်းအတွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နံနက် ၅ နာရီ ၂၀ မိနစ် အချိန်တွင် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ လွှင့်ထူခြင်းနှင့် နိုင်ငံတော်အလံအ‌လေးပြုခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့ပြီး နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မိုးမိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်က ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသော ဗမာ့တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၊ ရှမ်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ ၊ ကချင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊လီဆူတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့တို့က တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

 

စည်သူဌေး (ခရိုင်ပြန်/ဆက်)