ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ပုဏ္ဏားကျွန်း ဖေဖေါ်ဝါရီ ၁၃

၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ရုံးရှေ့ကွင်းပြင်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကို ဆောင်ရွက် ခဲ့ကြသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့၊ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းက ဖတ်ကြားပေးခဲ့သည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီးပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာ အသင်းအဖွဲ့များအလိုက်(မ) လွန်ဆွဲပွဲတို့၌ ဆုရရှိသူတို့ကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်း၊ မြို့နယ်ရဲတပ်မှူး ရဲမှူး ညွန့်ဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊  သတင်းစကား လက်ကမ်းစာစောင်များအား (အခမဲ့)  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)