(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

မိုးကုတ်      ဖေဖော်ဝါ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်အနားတွင်        မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော မိန့်ခွန်းသဝဏ်လွှာအားဖတ်ကြားခဲ့ပြီး  ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးဆုရရှိသည့် ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများချီးမြင့်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ဌာနဆိုင်ရာများ၊တိုင်းရင်းသားအဖွဲ့အစည်းများ၊လူမှုရေးအသင်းအဖွဲ့များ ၊ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

 

 

မြို့နယ်ပြန်/ဆက်