မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ဆောင်ရွက်

မန်တုံ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မန်တုံမြို့နယ်ရုံးမှ မြို့နယ် ဦးစီးမှူး ဒေါ်ယုယုအောင်က (Talk Show) အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး  အမှတ်(၂) ရပ်ကွက်၊ အလယ်တန်း(ခွဲ)ကျောင်း ဆရာမဒေါ်စန္ဒာစိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စု စိတ်ဓာတ်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထား ကြရေးနှင့် ပြည်သူများအနေဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်မြဲအောင် စည်းကမ်းရှိရှိဖြင့် နေထိုင်ကြရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေ ရန်အသိပညာပေးဆွေးနွေးပွဲ (Talk Show) လစဉ်ပြုလုပ် ဆောင်ရွက်ပေး လျက်ရှိပြိး အဆိုပါအသိပညာပေး (Talk Show)များကို မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်ပေးလျက်ရှိသည်။

မန်တုံ(ပြန်/ဆက်)