(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

သထုံ ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ကွင်းပြင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပသည်။

ရှေးဦးစွာ နံနက် နာရီခွဲအချိန်၌ နိုင်ငံတော်အလံတင် အခမ်းအနားကို ကျင်းပပြီး နံနက် နာရီ၊ ၄၀ မိနစ်အချိန်တွင် သဝဏ်လွှာဖတ်ကြားပွဲကို ဆက်လက်ကျင်ပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့နှင့် တက်ရောက်လာသူတို့က နိုင်ငံတော်အလံအား အလေးပြုကြကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို သထုံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

ကိုကိုဦး(ခရိုင်ပြန်/ဆက်)