တောင်သာ ဖေဖော်ဝါရီ ၁၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက် နံနက် (၅)နာရီခွဲအချိန်က တောင်သာမြို့ စည်ပင်သာယာရုံးအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင် ကွင်းရှေ့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူများမှ နိုင်ငံတော် အလံအား အလေးပြုကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်၊ အဖွဲ့ဝင် ဗိုလ်မှူး နေမျိုးသူ၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်စိုး၊ ဌာနဆိုင်ရာများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)