ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ ကျင်းပ

ကျောက်တံခါး ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း (ကျောက်တံခါး)နှင့် သဝဏ်လွှာဖတ်ကြား ပွဲကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ ယနေ့နံနက်က ကျင်းပသည်။

အလံတင်အခမ်းအနားကို နံနက် ၅ နာရီ ၃၀ မိနစ်အချိန်၌ အခြေခံပညာ အထက်တန်းကျောင်း (ကျောက်တံခါး)တွင် ကျင်းပရာ မြိုနယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။ ဆက်လက်ပြီး နံနက် ၇ နာရီ ၄၀မိနစ်အချိန်၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သောသဝ‌ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးညွန့်ဆွေက ဖတ်ကြားသည်။

သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊နိုင်ငံ ရေးပါတီများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြ‌ကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)