တာမွေမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန်    ဖေဖော်ဝါရီ    ၁၂

၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာ လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြက်ခင်းပြင်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဂုဏ်ပြုရဲတပ်ဖွဲ့နှင့်အတူ နံနက်(၅)နာရီခွဲအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်တင်အလေးပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ ထို့နောက် နံနက်(၇)နာရီ (၄၀)မိနစ်အချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တာမွေ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္က ဦးကိုးအောင်က ဖတ်ကြားခဲ့သည်။ ဆက်လက် ၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ များတွင် ထူးချွန်ဆုရရှိသော အားကစားသမားများနှင့် ထူးချွန်ဆုရ ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ထူးချွန်ဆုရ အားကစားသမားများနှင့် ကျောင်းသား/သူများ တက်ရောက် ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ၂၀၂၂-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ လိုက်လံဖ ြန့်ဝေပေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)