ကွမ်းခြံကုန်းမြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်(TAlk Show )ကျင်းပ

ကွမ်းခြံကုန်း ဖေဖေါ်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးနှင့် စာရေးဆရာ (သန်းမြင့်သန်း) ကွမ်းခြံကုန်းတို့က  ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ အကြောင်းအရာများ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ် ချုပ်ဆို၍ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ စသည့်အကြောင်းအရာများကို အသိပညာပေးဆွေနွေးခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online pageမှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း ၊ကဗျာရွတ်ခြင်း အပြင်စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် (Talk Show) အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဆွေနွယ်IPRD)