(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့နိုင်ငံ‌တော်အလံအလေးပြုပွဲနှင့်သဝဏ်လွှာဖတ်ပွဲ ကော့မှူး၌ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၂

၂၀၂၂ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အ.ထ.က ကော့မှူး ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့က နေရာယူကြပြီးနံနက် ၅နာရီမိနစ်၃၀တွင် နိုင်ငံတော်အလံကိုလွှင့်တင်၍ အလေးပြုကြသည်။ ဆက်လက်၍ နံနက်၇နာရီ မိနစ်၄၀တွင် အ.ထ.က ကော့မှူးကျောင်း အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော  ၂၀၂၂ခုနှစ် (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားခဲ့ သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် ဖိတ်ကြားထားသူ တက်ရောက်ကြသည်။ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သည့် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

ကျော်သူရ (ပြန်/ဆက်)