တွံတေး ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့နံနက် ၅နာရီ မိနစ်၂၀ တွင် တွံတေးမြို့ လွတ်လပ်ရေးကျောက်တိုင် ပန်းခြံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်းကို ယနေ့နံနက် ၅နာရီ မိနစ်၂၀ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ အလံတင်ခြင်းအခမ်းအနားကို ဆောင်ရွက်ကြပြီး နံနက်၇နာရီမိနစ်၃၀တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ်( ၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့် ကဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးသား