သန်လျင် ဖေဖော်ဝါရီ ၁၂.
၂၀၂၂ခုနှစ်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက်တွင် သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံတင်အခမ်းအနားက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပန်းခြံဝင်း အတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် နံနက်(၅း၂၀)တွင် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံတင် အခမ်းအနား ကျင်းပသည်။
ဆက်လက်၍ ရွေရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲကို နံနက်(၇း၂၀)တွင် အထက(၁) ရတနာရှင်းသန့်ခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှုး ဦးရဲမွန်အောင်က ဖတ်ကြားသည်။ အခမ်းအနားသို့် သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)