ရသေ့တောင် ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က ရသေ့တောင်မြို့ မြိုမရဲစခန်းရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နေရာယူကြပြီး နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
အဆိုပါ နိုင်ငံတော်အလံတင်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)