ပင်းတယ ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အားကစား ကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပင်းတယ(ဒေသ ပြန်/ဆက်)