(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား သံတွဲမြို့၌ကျင်းပ

သံတွဲ ဖေဖေါ်ဝါရီ ၁၂

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင် စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅း၃၀နာရီက သံတွဲမြို့ ဦးဥတ္တမပန်းခြံ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ အလံတင်မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကြသည်။ထို့နောက် အလံတင်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။  

ခရိုင် (ပြန်/ဆက်)