ရေး ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ဆွေးနွေးပွဲ (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက မြန်မာနိုင်ငံကလေးများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံကလေးများနေ့တွင် လှုပ်ရှားဆောင်ရွက်မှုများ၊ ရေးမြို့နယ် လူမှုဝန်ထမ်းရုံး အနေဖြင့်လည်း မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများအဖြစ် ကာယ ဖွံ့ဖြိုးမှု ပန်းတိုင် ၅ ရပ်နှင့်အတူ ဉာဏဖွံ့ဖြိုးမှုများ အပြေးပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ခွက်စီပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲများကို တစ်ဦးချင်း၊ အဖွဲ့လိုက် ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်း အမှတ်အဖြစ် ကလေးများအား ပြိုင်ပွဲများကျင်းပပေးရသည့် ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပပေးရခြင်းမှာ ကလေးများအနေနဲ့ တစ်ဦးနှင့်တစ်ဦး ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာရေး၊ ကလေးများအား အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်စေရေးတို့အတွက် ရည်ရွယ်၍ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းနှင့် ကလေးများအတွက် အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက် အခုလိုဆွေးနွေးပွဲ (Talk Show) များကို ပြုလုပ်ပြီး Online မှ ထုတ်လွှင့်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်