ညောင်ဦးမြို့နယ် ရွာသစ်တောင် ကျေးရွာသို့ ရေဂါလံ ၁၆၀၀ လှူဒါန်း

ညောင်ဦး   ဖေဖော်ဝါရီ   ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ယနေ့ နံနက် ၁၀နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်သုံးရေ အလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။

အဆိုပါ  ရွာသစ်တောင်ကျေးရွာသည် အိမ်ခြေ ၁၆၀ ကျော်ရှိပြီး၊ လူဦးရေ ၅၀၀ ဦး နေထိုင်ကြောင်း၊ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတ မိသားစုမှ ယခုနှစ် ဆောင်းဦး ပေါက်ရာသီမှစတင်၍ သောက်သုံးရေလှူဒါန်းခဲ့ရာ ရေဂါလံ ၆၄၀၀၀ ထိ လှူဒါန်းပြီးဖြစ်ကြောင်း၊ အေးမေတ္တာ သောက်သုံးရေ အလှူတော်အသင်းထံက သိရသည်။

ဦးဝင်းထိန်၊ညောင်ဦးခရိုင် ပြန်/ဆက်