တံတားဦးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တံတားဦး  ဖေဖော်ဝါရီ  ၁၁

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က-တံတားဦး ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဖြန့်ဝေပေးကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အတွက် ပြည်သူများနှင့်ကျောင်းသား/ကျောင်းသူများ၊ အနာဂတ် လူငယ်လူရွယ်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိရှိနားလည်ကြရန်နှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက် နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ အထိမ်းအမှတ် လက်ကမ်းစာစောင်တွင်  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့ကြသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၂-၂-၂၀၂၁)ရက်နေ့တွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့  ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ၁၉၆၈-ခုနှစ် မြဝတီမဂ္ဂဇင်းတွင် စာရေးဆရာ သမိန်သောင်း ရေးသားသော “ပြည်ထောင်စုသား ဒို့လက်များသည်” ကဗျာနှင့် ဆောင်ပုဒ်များကို အရောင်အသွေးစုံလင်စွာ ဖော်ပြပါရှိကြောင်း အဆိုပါလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှထုတ်ဝေထားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိရေးအတွက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရဲတင့်