ကျိုင်းတောင်း ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ကျိုင်းတောင်းနယ်မြေရဲစခန်းတို့မှပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲ အချိန်ခန့် က အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း) ခန်းမ၌ ကျင်းပခဲ့သည်။
ထို့နောက် ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူဒေါ်စန်းစန်းယဉ်က "ပြည်ထောင် စုနေ့ဖြစ်ပေါ်လာပုံ" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ပင်လုံစာအုပ် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားကိုယ်စားလှယ် (၂၃) ဦးတို့အကြောင်းများ ကိုလည်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်ညိုမာလှိုင်က "ပြည်ထောင်စုသမိုင်း" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ကျိုင်းတောင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် လှဝင်းနောင်မှ "လူငယ်နှင် ့မူယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးဆောင်ရွက်ကြခဲ့ကြောင်း သိရသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က (၇၅)နှစ်မြောက် ပြည်ထောင် စုနေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်နိုင်မှုကြောင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)