ကျောက်ဆည် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ခုနှစ်တွင် ပဲမျိုးစုံစိုက်ဧက (၄၇၁၃၉) ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ(၄၃၂၇၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲမျိုးစုံစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ရေမြေ၊ နေရာဒေသ အနေအထားအပေါ်မူတည်ပြီး သီတင်းကျွတ်လမှတပိုတွဲလအထိ စိုက်ပျိုးကြပြီး ပဲမျိုးစုံစိုက်ပျိုးရာတွင် ပဲသီးသန့်စိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ်စိုက်ပျိုးခြင်းနှင့် မြေလွတ်လယ်ကန်သင်းများပေါ်တွင် စိုက်ပျိုးခြင်း စသည့်ဖြင့်အမျိုးမျိုးစိုက်ပျိုးကြကြောင်း ပဲစိုက်တောင်သူများထံမှ သိရှိရသည်။
ပဲမျိုးစုံစိုက်ပျိုးရာတွင် ပဲတီစိမ်းစိုက်ဧက (၃၆၀၁)ဧက၊ ကုလားပဲစိုက်ဧက (၂၂၆၈၅)ဧက၊ ပဲကြီးစိုက်ဧက (၁၂၈၉)ဧက၊ ပဲကြားစိုက်ဧက (၁၀၄၇)ဧက၊ အခြားပဲစိုက်ဧက(၁၃၆၇၂)ဧက၊ ထောပတ်ပဲစိုက်ဧက (၉၇၆)ဧက၊ စုစုပေါင်း(၄၃၂၇၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)