ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ချမ်းမြသာစည်  ဖေဖော်ဝါရီ    ၁၁

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ်၊ ဗ/၁၂ရပ်ကွက်၊ မြသုခဓမ္မ ဗိမာန်တော်တွင် ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းထွန်းနှင့် တာဝန်ရှိသူများက  ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အဆင်ပြေ ချောမွေ့စွာရရှိစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာရပ်ကွက်များ အလိုက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)