သံတွဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအသက် (၅၅) နှစ်နှင့် (၄၅) နှစ်အထက် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

သံတွဲ ဖေဖော်ဝါရီ  ၁၁

သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ငပလီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား အသက် (၅၅) နှစ်နှင့် (၄၅)နှစ် အထက် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယနေ့ညနေ (၃) နာရီခွဲက အ-ထ-က (ငပလီ) အထက ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

ချစ်ကြည်ရေးဘောလုံးပွဲ၌ အမျိုးသား အသက် (၅၅) နှစ်နှင့်အထက်အသင်းတွင် သံတွဲမြို့မှ ဌာနဆိုင်ရာများ၊ ကစားသမားဟောင်းကြီးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများပါဝင်ပြီး အသက်(၄၅)နှစ်နှင့်အထက် အသင်းတွင် ငပလီကမ်းခြေမှ  ကစားသမားဟောင်းများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ အားကစား ဝါသနာ ရှင်များ ပါဝင်ယှဉ်ပြိုင်ကြရာ အသက်(၄၅)နှစ်နှင်အထက် ငပလီကစားသမားဟောင်းများအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ အနိုင်ရရှိသွားသောအသင်းအား စင်တော်ကောက်စက်သုံးဆီ အရောင်းဆိုင်မိသားစုမှ ဆုတော်ငွေ (၁)သိန်းနှင့် သံတွဲမြို့မှ ဌာနဆိုင်ရာများ၊ ကစားသမား ဟောင်းကြီးများ အသင်းအား ဂုဏ်ပြုဆုငွေ ကျပ်(၅)သောင်းတိတိတို့ကို ချီးမြှင့်ပေးခဲ့ သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအသက် (၅၅)နှစ်နှင့် (၄၅)နှစ် အထက် ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်ကြသည်။

ခရိုင် (ပြန်/ဆက်)