“တူယှဉ်နွှဲပျော်ဂီတပွဲတော်” ​နောက်ဆုံးအဆင့် သီချင်းဆိုပြိုင်ပွဲ မြဝတီမီဒီယာစင်တာ၌ ကျင်းပမည်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၁

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော်”​နောက်ဆုံးအဆင့် သီချင်း ဆိုပြိုင်ပွဲကို ယနေ့ညတွင် ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီစင်တာ၌ကျင်ပပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါပွဲစဉ်တွင် တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ MF03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေးလတ်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီတိုင်း​ဒေသကြီးမှ MF07 ချိုမီမီ​ဇော်နှင့် ပဲခူးတိုင်းဒေသကြီးမှ MF10 ချစ်နုတို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး  The  Ensenble ​ တေးဂီတအဖွဲ့မှ တီးခတ်ပေးမည်ဖြစ်သည်။

င်းပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖွဲ့များ၏ အမှတ်ပေးမှုအပြင် ပရိတ်သတ်များအနေဖြင့် MPT နှင့် Mytel SIM Card များက အသုံးပြု၍  Voting မဲပေးနိုင်မည်ဖြစ်ရာ မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို  Voting  Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့မဲပေးခြင်းကို အရေအတွက် အကန့်အသတ်မရှိဘဲ MPT Sim Card များမှ ကုဒ်နံပါတ် “7522” သို့လည်းကောင်း၊ Mytel Sim Card များမှကုဒ်နံပါတ် “7575” သို့လည်းကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ်ကိုရိုက်နှိပ်၍ ပေးပို့နိုင်မည်ဖြစ်သည်။

ဆိုပါ Grand Final ​နောက်ဆုံးပွဲစဉ်တွင် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို တစ်ဆက်တည်း ကျင်းပမည် ဖြစ်ရာ Voting မဲ​ရေတွက်စဉ်နှင့် အမှတ်​ပေါင်း​ နေစဉ်နိုင်ငံ​ကျော်​တေးသံရှင်များကလည်း ပါဝင်​ဖျော်​ဖြေကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ခွဲတွင်လည်း ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်​ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)