(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၁၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဦးစီးဌာနအဆင့်နှင့် မန္တလေးတိုင်း ဒေသကြီး အဆင့် တက္ကသိုလ်များမှ ပြိုင်ပွဲများတွင် ဆုရရှိ သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ () နာရီက မန္တလေးတက္ကသိုလ် အင်းဝဆောင်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းမှ အဖွင့်အမှာစကားနှင့် ဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက်  စာစီစာကုံး၊ ကဗျာ၊ ဆောင်ပါး၊ ကျပန်းစကား ပြောပြိုင်ပွဲ (ဦးစီးဌာနအဆင့်) ဆုရွေးချယ်ရေးအဖွဲ့တွင် ပါဝင်ကူညီဆောင်ရွက်ပေးသော မန္တလေး တက္ကသိုလ် မြန်မာစာ ဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်ကျော်မိုးနှင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် (ဦးစီးဌာနအဆင့်) ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် တတိယဆုရရှိသူ၊ ကျောင်းသား/သူတို့အား ပါမောက္ခချုပ်ဒေါက်တာတင်ထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့် သည်။

ဆက်လက်၍  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသ ကြီး+အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်ပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ရတနာပုံတက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တို့မှ ဒုတိယပါမောက္ခချုပ်များက ဂုဏ်ပြုလွှာများနှင့် ဂုဏ်ပြုဆု ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း