နွားထိုးကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကိုယ်စီတာဝန်များသိရှိနားလည်စေရန်နှင့် ကျွမ်းကျင်မှုရှိစေရေးအတွက် လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်

နွားထိုးကြီး ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မီးသတ်စက်ကြီး လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နွားထိုးကြီးမြို့ မီးသတ်ဦးစီးဌာနရုံးဝန်းအတွင်းတွင် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အရေးပေါ်ကိစ္စရပ်များနှင့် မီးလောင်မှုများတွင် တပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်စီတာဝန်များသိရှိနားလည်စေရန်နှင့် ကျွမ်းကျင်မှုရှိစေရေးအတွက်ရည်ရွယ်ပြီး လေ့ကျင့်ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လင်းက ပြောကြားခဲ့သည်။

အဆိုပါ လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးရန်အောင်စိုးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၃) ဦးကို လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)