မောက်မယ် ဖေဖေါ်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ကြီးမှူး၍ ရှမ်းရိုးရာဓလေ့ထုံးတမ်း များအရ ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်းတွင် ဝါကျွတ်ပွဲ (ခေါ်) ကောက်သစ်စားပွဲကို ယမန်နေ့ည ၆ နာရီခွဲက ကျင်းပခဲ့သည်။
ထိုဝါကျွတ်ပွဲ(ခေါ်) ကောက်သစ်စားပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတို့မှ အလှူပစ္စည်းများထည့်ဝင်ထားသည့် ပဒေသာပင်များဖြင့် ထိုကျောင်းအား လှည့်လည်ပူဇော် ကန်တော့ ပြီး ပျော်ပွဲရွှင်ပွဲများဖြင့် ၄င်းညတွင် ဖျော်ဖြေကြသည်။
ဆက်လက်၍ ယနေ့နံနက်၆နာရီတွင် ပင့်ဖိတ်ထားသည့် မြို့နယ်အတွင်းရှိ ကြွရောက်လာကြသော သံဃာတော်အပေါင်းတို့အား အရုဏ်ဆွမ်းနှင့် ဘောဇဉ်၊ခဲဖွယ်များ ဆက်ကပ်လှူဒါန်းကာ ပူဇော်ကန် တော့ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် ရပ်ဝေးရပ်နီးမ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေတို့အား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)