လမိုင်း ဩဂုတ် ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အဝင်/အထွက်ဂိတ်၌ မြို့အတွင်း COVID- 19 ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ကာ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေးမြို့နယ် လမိုင်းမြို့အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင် /အထွက်ဂိတ်တွင် ခရီးသွား ပြည်သူ များအား ခရီးသွားမှတ်တမ်းရယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို လမိုင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တင်ဇာစိုး(လမိုင်း)