မဘိမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မဘိမ်း    ဖေဖော်ဝါရီ      ၁ဝ        

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က  မဘိမ်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြော ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက ပြည်ထောင်စု နေ့ကို အစဉ်အမြဲသတိရစေရန်၊ တိုင်းရင်းသားပြည်သူများ သူ့ကျွန်မခံလိုစိတ်ဖြင့် နယ်ချဲ့အား ဆန့်ကျင်တော်လှန်ခဲ့ကြပုံများ၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားအင်အားစုများ ပေါ်ပေါက်လာပုံ၊ ပင်လုံစာချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အကြောင်းနှင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြပွဲအဖြစ် စာအုပ်စာစောင်စာများအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)