ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့်အသက်‌မွေးပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ

ကျောက်မဲ ဖေဖေါ်ဝါရီ  ၉

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ၃နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။  

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်း‌ကျောင်းမှ ကျောင်းအုပ် ဦးစိုင်းမင်းထွန်းက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ  ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသူ များချုပ်လုပ်ခဲ့သည့် ရင်စေ့အင်္ကျီ၊ ကလေးဂါဝန်၊ အမျိုးသားဝတ်အင်္ကျီနှင့် အမျိုးသားဝတ်ရှပ်အင်္ကျီ အစုံ၂၀ စီကို ရှမ်းစာပေနှင့်ယဉ်ကျေးမှု ရုံးတွင် ရောက်ရှိခိုလှုံသော တိုက်ပွဲရှောင် ပြည်သူများအတွက် ပေးအပ် လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရရှိပြီး ဝင်ငွေများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ အဆိုပါစက်ချုပ်သင်တန်းကို အခမဲ့ တစ်လတာ ဖွင့်လှစ်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းမှ  ကလေးဝတ်၊ လူကြီးဝတ် အမျိုးအစား ၉ မျိုး ချုပ်လုပ်နည်းများကို သင်ကြားသင်ကြားပို့ချခဲ့ကြောင်း၊  သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များမှ အမျိုးသမီး  ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)