မချမ်းဘော့မြို့ Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု‌‌နေ့ ဖြစ်ပေါ်လာပုံ Online ဟောပြောကျင်းပ

မချမ်းဘော့   ဖေဖော်ဝါရီ  ၁၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း အများပြည်သူများ အသိပညာတိုးပွားနိုင်စေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အွန်လိုင်းမှတဆင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို ဖေဖော်ဝါရီ(၈)ရက် မွန်းလွဲ (၂) နာရီက မြို့နယ် Community Centre ခန်းမ၌ဟောပြောသည်။

Onlineအသိပညာပေး ဟောပြောပွဲတွင် ဆရာကြီး ဦးထင်ဆန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် သမိုင်းအကြောင်း အရာများကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

မချမ်းဘော့(ပြန်/ဆက်)