စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ချောင်းဆုံ   ဖေဖော်ဝါရီ   ၉

စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀)နာရီအချိန်က (ပြန်/ဆက်)ရုံး (Community Center) ခန်းမတွင် ကျင်းပသည်။

ပြိုင်ပွဲတွင် မြို့နယ်ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဦးတင်မျိုးနိုင် က ကျောင်းသား/သူများအား ပြိုင်ပွဲဝင်စည်းကမ်းများနှင့် အမှတ်ပေး စည်းကမ်းချက်များကို ပြောကြားပြီး မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင်ဇာစိုးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားသည်။ ထို့နောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် ကျပန်စကားပြောခြင်းကို မောင်မြတ်ကိုကို က ပြောကြားပြီး အခြေခံပညာအလယ်တန်း ကျောင်းသား/သူ (၁၀)ဦးတို့က "ပြည်ထောင်စုနေ့ဒို့မမေ့" ခေါင်းစဉ်ဖြင့် စာစီစာကုံးကို ယှဉ်ပြိုင်ခဲ့ရာ တာဝန်ရှိသူများက ဆုရကျောင်းသား/သူများအား ဆုများ အသီးသီး ချီမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)