ဘူးသီးတောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ဖတ်ပြခြင်း အနှစ်သာရများ ဆွေးနွေးခြင်း ဆောင်ရွက်

ဘူးသီးတောင် ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အထက(၁) ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပူးပေါင်း၍ ပုံပြင်ဖတ်ခြင်းနှင့် အနှစ်သာရ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် အတွေးအခေါ် အယူအဆများ မြင့်မားစေရန်အတွက် ပုံပြင်ဖတ်ခြင်းနှင့် ပုံပြင်အပေါ် တစ်ဦးနှင့်တစ်ဦး၏ အနှစ်သာရ အတွေးအမြင် မတူညီမှုအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြရန် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး "ဘယ်သွားမလို့ဘဲ ဂျာဘောက်" ပုံပြင်အား ဖတ်ပြပြီး အထက(၁)ကျောင်းမှ စတုထ္တတန်း ကျောင်းသူ မမေမြတ်သူက "စည်းလုံးခြင်းသည်ခွန်အား" ပုံပြင် ဆွေးနွေးဖတ်ကြားပြီး မိမိတို့ဖတ်ရှုသည့် ပုံပြင်များအလိုက် နားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)