တောင်သာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆွေးနွေးပွဲ ကျင်းပ

တောင်သာ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံခရိုင်၊  တောင်သာမြို့နယ်ရုံးတွင်  ၂၀၂၂ ခုနှစ်၊  ဖေဖော်ဝါရီလ (၁၂)နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ပြည်သူ့စာကြည့်တွင် ကျောင်းဆရာ ဦးစိုးနိုင်(ငြိမ်း)နှင့် ဆွေးနွေးပွဲကျင်းပခဲ့ ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့  (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုသောအားဖြင့်  ဆရာကြီး ဦးစိုးနိုင်မှ  ၁၉၄၇ ခု  ဖေဖော်ဝါရီလ(၁၂)ရက်သည်  ပြည်ထောင်စုနေ့ဖြစ်ကြောင်း၊ ဤနေ့သည် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုကိုပြသော နေ့ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့၌ နန်းရင်းဝန်အက်တလီနှင့် လွတ်လပ်ရေးအတွက် ဆွေးဆွေးခြင်း သို့သော် ဖ.ဆ.ပ.လ ခေါင်းဆောင် များ ကြိုးစားမှုကြောင့် ဤကိစ္စပြေလည်သွားပြီး ၁၉၄၇ နှစ်ဦးပိုင်းတွင် အောင်ဆန်းအက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကျော်မျိုးနိုင်(တောင်သာ)