(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မိုင်းကိုင် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ  အခမ်းအနားကို  ယမန်နေ့  နေ့လယ်က  အခြေခံပညာအထက်တန်းကျောင်း  မြတ်သီရိခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲတွင်   မြို့နယ်ပညာရေးမှူး  ဦးခင်မောင်ကိုက  ပြိုင်ပွဲကျင်းပရခြင်း၏ ရည် ရွယ်ချက်၊ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို  ရှင်းပြပြီးနောက်  အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများက  ကျွန်ုပ်သာ  ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့သော်၊ ကျွန်ုပ်သာ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သော်၊ ကျွန်ုပ်သာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာအောင်မြင် ခဲ့သော်၊ စည်းလုံးညီညွတ်မှ တိုးတက်မည် စသည့်ခေါင်းစည်များကို  မဲစနစ်ဖြင့်ရွေးချယ်ကာ ကျရာခေါင်းစဉ်အား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။

ပြိုင်ပွဲအပြီးတွင်  ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  (၇၅)နှစ်မြောက်၊ စိန်ရ တုပြည်ထောင်စုနေ့  အထိမ်းအမှတ်  ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါး ရေးသားပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင်  ဆုရရှိသော  ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပညာရေးမှူး ဦးခင်အောင်ကို၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်သန်း၊ မြို့နယ်ဥပဒေအရာရှိ  ဦးဇေယျာကျော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်နန်းလှိုင်လှိုင်ဦးနှင့်  တာဝန်ရှိသူများက  ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်