ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ တံခါးညီမတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်း

ညောင်ဦး ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ တံခါးညီ မတဲတိုက် သို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတ မိသားစုက ယနေ့ နံနက် ၈ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် မြေသားရေလှောင်ကန်များကိုမှီ ခိုအားထား နေရပြီး မိုးဥတုမိုးရွာသွန်းချိန် မြေသားရေလှောင်ကန်များ ရေဝင်ရောက်မှုရှိ/မရှိ ကန်ဘောင်ပေါ် တက်ကြည့်ရသည်မှာလည်း အမောတကောပင်ဖြစ်ရကြောင်း၊ မြေသားမိုးရေလှောင်ကန်များ ရေဝင်ရောက်ပါက အထိုက်အလျှောက် သောက်ရေ၊ သုံးရေဖြေရှင်းပေးနိုင်ကြောင်းလည်း သိရကာ ညောင်ဦးမြို့နယ်တွင် အဝီစိတွင်း၊ စက်ရေးတွင်းမရှိသေးသည့် တဲတိုက်အများအပြား ကျန်ရှိနေသေးကြောင်း သိရပြီး ယခုသောက်သုံးရေ လှူဒါန်းမှုသည်လည်း ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုက လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ကိုထိန်၊ KPD