ရခိုင်ပြည်နယ် မောင်တောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး

မောင်တော  ဖေဖော်ဝါရီ   ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကိုဗစ်-၁၉ ကာကွယ်ဆေး  Covid Shield နှစ်ကြိမ်ထိုးနှံပြီးစီးသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  ထိုးနှံပေးခြင်းကို  ဖေဖော်ဝါရီ ၈ရက်  နံနက် ၉ နာရီ အချိန် မှစ၍  မြို့နယ်ပြည်သူဆေးရုံ နှစ်ထပ်ဆောင်တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ် ဆေးခြင်းများကို ဆောင် ရွက်ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေသည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးBooster Doseထိုးနှံပေးခြင်းကို  ဌာနဆိုင်ရာဝန်ထမ်း ၃၄၈ ဦး ၊ ပညာရေးဝန်ထမ်း ၂၉၄ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၂၈ ဦး စုစုပေါင်း ထိုးနှံပြီးစီးသူ ၆၇၀ ဦးအား ကျန်း မာရေး ဝန်ကြီး ဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဆက်လက် ထိုးနှံ ပေး မည် ဖြစ်ကြောင်း သိရ သည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)