နမ္မတူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နမ္မတူ ဖေဖော်ဝါရီ

နမ္မတူမြို့နယ်၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်၊ ရည်မှန်းချက်များ ပြည့်စုံအောင်၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ ပြည်ထောင်စုသား ဒို့လက်များသည် ကဗျာနှင့် ရင်းနှီးချစ်ကြည် တွဲလက်ညီ ပြည်ထောင်စုဘွား တိုင်းရင်းသား၊ ညီညွတ်ခြင်းသည်အင်အား တိုင်းရင်းသားများ လက်တွဲထား ပြည်ထောင်စု၏ ပြည့်ခွန်အား စသည့်ဆောင်ပုဒ်များ အကြောင်းအရာများပါဝင်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၂၅၆)စောင်အား နမ္မတူမြို့နယ် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ အမှတ် () () အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများနှင့်  မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများရရှိစေရေး မြို့နယ်ပညာရေးမှူးရုံးသို့ လည်းကောင်း အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။        

လူမော် (ပြန်/ဆက်)