မော်လမြိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုအထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်၊ စာစောင်ခင်းကျင်းပြသ

မော်လမြိုင် ဖေဖော်ဝါရီ ၈

အနာဂတ် မျိုးဆက်သစ်  ကျောင်းသား၊ ကျောင်းသူများစာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊  စာဖတ်သည့်  အလေ့အကျင့်ကောင်းများ  ရရှိစေရန် ရည်ရွယ်ကာ  ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်  ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့်စာအုပ်၊ စာစောင်ခင်းကျင်းပြသပေးခြင်းကို ယနေ့နံနက် ၁၁ နာရီကမော်လမြိုင်မြို့၊   အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြင့်မြတ်သီတာက  ပြည်ထောင်စုနေ့ အထိမ်း အမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောပေးခဲ့ပြီး ဗဟုသုတ ဖြစ်ဖွယ် သုတ/ ရသစာအုပ်များကို ရွေးချယ်ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြသည်။

ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် နေ့ထူး၊ နေ့မြတ်များ အကြောင်းကို သိရှိစေရန်၊ စာပေနှင့်ရင်းနှီး ကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်၊ စာပေမှရရှိသည့် အသိပညာတို့ဖြင့် အမှား၊ အမှန်ကို ခွဲခြားသိရှိစေပြီး  သူတပါးအား စာပေအကျိုးကျေးဇူး  ပြန်လည်မျှဝေလိုသော  ဆန္ဒများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)