ပင်လုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပင်လုံ ဖေဖော်ဝါရီ  ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်  ၁၁:၀၀ နာရီအချိန်တွင် ပင်လုံမြို့ အထက(၃)ကျောင်း၌ သတင်းစကား လက်ကမ်း စာစောင် စုစုပေါင်း(၂၅၀)စောင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်အောင် ဆန်း ၁၁-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက် ဖြစ်သော ''စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်"၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အမျိုးသားရေးဉီးတည်ချက်များ၊ ပင်လုံစာချုပ်လက်မှတ် ရေးထိုးခဲ့ကြသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ပြော ကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်ဖြစ်သည့် "ရည်မှန်းချက်များ ပြည့်စုံအောင်"၊ စာရေးဆရာ သမိန်သောင်း ရေးသားသည့်" ပြည်ထောင်စုသား ဒို့လက်များသည်" ကဗျာ၊ အထိမ်းအမှတ် ဆောင်ပုဒ်များနှင့် ကာတွန်းများပါဝင် ကြောင်းသိရသည်။

ပင်လုံ ပြန်/ဆက်