ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ဒဂုံအရှေ့   ဖေဖော်ဝါရီ      ၈

အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ် ဆိုပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လို စိတ်များရှိစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများရရှိစေရန်၊ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်သို့ လာရောက် ၍ဗဟုသုတရရှိစေရေးအတွက်  ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကဗျာရွတ်ဆိုခြင်းနှင့် ပုံပြောခြင်းပြိုင်ပွဲများသို့ မာဂတီသာ စည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အေးမဉ္ဇူ( ပြန်/ဆက်)