ရမ်းဗြဲ ဖေဖေါ်ဝါရီ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားကျောင်းသူများ မြန်မာစာ၊ မြန်မာစကားနှင့် မြန်မာ့ဆိုရိုးစကားများကို သိရှိနားလည်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာပြီး အသိဉာဏ်ဗဟုသူတများ တိုးပွားလာစေရန် ရည်ရွယ်လျက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စကားပုံဆက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ကြပါသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်း မှ စကားပုံဆက်ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများကို စာပေသင်ကြားရာတွင် အထောက်အကူ ဖြစ်လာစေရန်နှင့် မြန်မာ့ဆိုရိုးစကားများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်း ပြောကြားပါသည်။
အဆိုပါ ပြိုင်ပွဲသို့ ရမ်းဗြဲမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ပုလုပ်တောင်မှ အလယ်တန်း၊ အဆင့်ကျောင်းသား ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိကြသူများကို ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)