မိုင်းလွေကျေးရွာရှိ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာအရောက်နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းယန်း        ဖေဖော်ဝါရီ     ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စု၊ မိုင်းလွေကျေးရွာရှိ သက်ကြီး ဘိုးဘွားများနှင့် ဒေသခံရှမ်းတိုင်းရင်းသားပြည်သူများအား ယမန်နေ့ နံနက် ၁၀ နာရီက ကျေးရွာအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီးကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းယန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းသောင်းရွှေနှင့် ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေး ရွာရှိ အသက်(၉၉)နှစ်ရှိ အဘွားဒေါ်နန်းအိုင်နှင့် အသက် (၈၂)နှစ်ရှိ အဘွား ဒေါ်နန်းရဲ့တို့(၂)ဦးအား အိမ်တိုင်ရာရောက် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးပြီး အဆိုပါကျေးရွာရှိ ဒေသခံ ရှမ်းတိုင်းရင်းသား ကျား(၇)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း(၁၈)ဦးတို့အား နိုင်ငံရေးစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုမှ ကျေးရွာ(၂၁)ရွာရှိ အသက်(၁၀)နှစ်မှ(၁၅)နှစ်ကြား လူဦးရေ စုစုပေါင်း(၄၃၇)ဦးနှင့် အသက်(၁၆)နှစ်အထက် လူဦးရေ စုစုပေါင်း(၇၃၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)