ဘူးသီးတောင်မြို့၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ဘူးသီးတောင် ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဘူးသီးတောင်မြို့ အေးစေတီကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တသောမ ဦးဆောင်၍ မြို့ပေါ်ဆရာတော် သင်္ဃာတော်များ ပူးပေါင်းကာ မြို့တစ်ပါတ်ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆရာတော်၊ သံင်္ဃာအပါး(၈၀)ပါးခန့်ပါဝင်ပြီး အေးစေတီကျောင်းတိုက်မှ စတင်ထွက်ခွာကာ မြို့တစ်ပတ် လှည့်လည်အလှူခံရာ ရပ်ကွက်နေ ပြည်သူများမှ လှူဒါန်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလှူခံရရှိသည့် ဆွမ်းဆန်စိမ်းများကို ဘူးသီးတောင်မြို့နယ် ကျေးရွာအသီးသီးမှ ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများသို့ ကူညီထောက်ပံ့နိုင်ရေး ပြန်လည်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)